Sunday, April 27, 2008

အိပ်မက်နေ့သစ်

အရာအားလုံးပဲပေါ့


[Unicode]

စိတ်ဓာတ်တွေကစပြီး ပြောင်းမှရမယ်
အရာအားလုံးပဲပေါ့
အသစ် အသစ်တွေက လက်ယက်ပြီးခေါ်နေတယ်
မြင်ပြီလား မြင်အောင်ကြည့်လိုက်ပေါ့
အရာအားလုံးဟာ တောက်ပလာလိမ့်မယ်
အဲဒါ အိပ်မက်နေ့သစ် လို့ခေါ်တယ်

Tuesday, April 8, 2008

ဘ၀

အေးချမ်းသော အပူမီး
လှပသော အကျည်းတန်
ပူပြင်းသော ရေခဲ

Friday, April 4, 2008

အတိတ်တစ္ဆေ

It's time to forget about the past,
To wash away what happened last!



[Unicode]

It's time to forget about the past,
To wash away what happened last!

အတိတ်ဟာအတိတ် အနာဂတ်ဟာအနာဂတ် ဆိုပေမယ့်
ငါ့ရဲ့အနာဂတ်တွေဟာ အတိတ်ရဲ့တစ္ဆေတွေဖြစ်နေတယ်

နွေဥသြ

၁၂ ရာသီရဲ့ မေ
၃ ရာသီရဲ့ နွေ
အရုဏ်ဦးရဲ့ နေ
သြော်...
မိုးတောင်လင်းပြီပဲ


[Unicode]

၁၂ ရာသီရဲ့ မေ
၃ ရာသီရဲ့ နွေ
အရုဏ်ဦးရဲ့ နေ
သြော်...
မိုးတောင်လင်းပြီပဲ

Technology Age

How's the feeling without Technologies?
You can feel it.
You can see it.
But...
You can't live without it.

Wednesday, January 23, 2008

အမှားနှစ်ခုရဲ့ရလဒ်





ဗုဒ္ဓသာသိရင် ချီးကျူးမှာပဲ ဥပက္ခာထားနိုင်ခဲ့လို့
အမှတ်တရဖြစ်အောင်

[Unicode]

ညရဲ့အလှမှာ စီးမျောနေတဲ့သူတစ်ယောက်ဟာ လတစ်စင်းကိုရူးသွပ်ခွင့်ရှိသလို
မင်းရဲ့အလှမှာ နစ်မျောနေတဲ့ငါ့မှာလဲ မင်းတစ်ယောက်ကိုရူးသွပ်ခွင့်ရှိတယ်လေ
ဒါပေမယ့် Cleopatra ကိုတော့ ငါကြည့်လို့မရဘူး

မင်းထွက်သွားခဲ့တယ် မင်းထားသွားခဲ့တယ် မင်းခေါက်ထားခဲ့တယ်
ပျော်ရွှင်ပါစေ မင်းတစ်ယောက် ဘယ်ရောက်ရောက်
ငါ… ဒီမှာပဲ စောင့်နေလိုက်မယ် သုည တစ်လုံးကိုပဲ ခွဲခြမ်းစိတ်ဖြာနေလိုက်မယ်
မနက်ဖြန်များစွာရှိတယ်… မနက်ဖြန်တွေကို သိပ်ချစ်၊ သိပ်မျှော်လင့်နေပေမယ့်
မနေ့က ကိုတော့ ငါသိပ်မုန်းတယ်
အတိတ်ဟာအတိတ် အနာဂတ်ဟာအနာဂတ် ဆိုပေမယ့်
ငါ့ရဲ့အနာဂတ်တွေဟာ အတိတ်ရဲ့တစ္ဆေတွေဖြစ်နေတယ်

တောင်တစ်လုံးထိပ်က ကြယ်တစ်ပွင့်ကို မင်းရိုက်ချလိုက်ရင်တောင်
ငါဆုတောင်းမိလိမ့်မယ် မိုးမရွာဖို့
မင်းမှာထီးမပါတာ ငါသိနေလို့ပေါ့
ဟိုတစ်ရက်ကတောင် FMI ကနေ မိုးရွာထဲပြန်ခဲ့ရတယ်လေ
မင်းရဲ့သူငယ်ချင်းကိုတောင် တစ်ခါမှမမြင်ဖူးပဲ မုန်းလိုက်မိတယ်
ထားလိုက်ပါ… အတိတ်ကိုသိပ်မစဉ်းစားချင်ဘူး

ရုပ်ဝတ္ထုတွေကို စိတ်ဝင်စားကြည့်လိုက်တယ်
ခဏပါပဲ သူတို့က သက်မဲ့တွေပဲဟာ
သက်ရှိနဲ့တော့ဘယ်တူမလဲ
ငါ့အတွက်တော့ ခံစားချက်က အရေးကြီးတယ်လေ
ခံစားချက်နဲ့ရှင်သန်နေတဲ့ထဲမှာ မင်းကိုမစွန့်လွှတ်နိုင်ဘူး
သိတယ်မလား ခံစားချက်မပါရင် ဘာကိုမှမလိုချင်ဘူး

အမျှော်လင့်ကြီးမျှော်လင့်ရင်တော့ အရှုံးကြီးရှုံးမှာပဲ
သိတယ်…. ဒါပေမယ့် နဲနဲလွတ်သွားခဲ့တယ်
မရည်ရွယ်ပါဘူး အဲလောက်ဖြစ်သွားမယ်လို့
မာနနဲ့ဒေါသနဲ့ကြားမှာငါ… ဗျာများသွားခဲ့တယ်
ဗုဒ္ဓ္ဓသာသိရင် ချီးကျူးမှာပဲ ဥပက္ခာထားနိုင်ခဲ့လို့
ငါ့ကိုယ်ငါတောင်မသိလိုက်ဘူး
မှားပြီးသားအမှားကို ထပ်မှားမိရတယ်လို့
အမှတ်တရဖြစ်အောင်
အဲဒီ CD ထဲကသီချင်းတွေကိုပဲ နားထောင်နေလိုက်တော့မယ်